နှင်းတွေ ပိန်းပိတ်ကြ
အပြင်ကပြန်ရောက်စ
အဲဒီတစ်ခဏလေးမှာ
သူဟာ
ဦးထုပ်ကို ချွတ်လိုက်တယ်။
မဖြီးမသင်ရှည်လျား
သူ့ငွေရောင်ဆံပင်တွေ ကြားထဲ
ဘယ်လို ကပ်ငြိခဲ့မှန်းမသိ
နှင်းတွေ အေးစက်စွာ
တိုးဝင်စိုရွှဲခဲ့ရ
ဦးထုပ်ကတော့ ခြောက်သွေ့ဆဲ...။
အဲဒီ
အဲဒီတစ်ခဏလေး
နှင်းတွေ ပိန်းပိတ်ကြ။
မမြင်လိုက်ရ
မသိလိုက်ရ
မကြားလိုက်ရဘဲ
ရွေ့လျားခဲ့လေတဲ့ ခရီးတစ်ခု
သူ့အတွက်
ဒီမှာတင် ပြီးဆုံးသွား ။
Monday, January 4, 2010
ဆက်တင်
တိတ်ဆိတ်ခြောက်သယောင်း
အဟောင်းအမြင်းကွင်းကျယ်တစ်ခုထဲ
ဆေးရေးအိမ်ပြားချပ်ကြီးနဲ့
အမြစ်မရှိတဲ့ ပန်းတွေပွင့်လို့
ရေးပန်းခရား မိုးစက် မိုးပေါက်များ စွတ်စို
ငိုရန်မျက်လုံးများပူစပ်
ဘီးတပ်ရွေ့လျားခုံတစ်လုံးပေါ်က
ငါ့ခမျာ..
ကောင်းကင်မှာ တပ်ထားတဲ့ စပေါ့လိုက်နှစ်ခုက
အလင်းဝိုင်းကြီးများ
ရင်ထဲ ဖြတ်သွားမှာပဲ ကြောက်နေရသေးတော့ ။
အဟောင်းအမြင်းကွင်းကျယ်တစ်ခုထဲ
ဆေးရေးအိမ်ပြားချပ်ကြီးနဲ့
အမြစ်မရှိတဲ့ ပန်းတွေပွင့်လို့
ရေးပန်းခရား မိုးစက် မိုးပေါက်များ စွတ်စို
ငိုရန်မျက်လုံးများပူစပ်
ဘီးတပ်ရွေ့လျားခုံတစ်လုံးပေါ်က
ငါ့ခမျာ..
ကောင်းကင်မှာ တပ်ထားတဲ့ စပေါ့လိုက်နှစ်ခုက
အလင်းဝိုင်းကြီးများ
ရင်ထဲ ဖြတ်သွားမှာပဲ ကြောက်နေရသေးတော့ ။
Subscribe to:
Posts (Atom)