Contributors

Friday, December 25, 2009

သိမ်းဆည်းခံထားရသော ဖြစ်ရပ်များ


သူကိုယ်တိုင် တွေ့ခဲ့တဲ့အဖြစ်
ဘယ်သူ့ကိုမှ သူပြောမပြခဲ့။

အဲဒီဖြစ်ရပ်ကို
တစ်ခါတစ်ခါတော့
သူ ပြန် ပြန် တွေးချင်လာ
စက်ဘီးတစ်စီးပေါ်တက်
အမြန်ဆုံးနင်း
လူတွေနဲ့ ဝေးရာရောက်အောင်
အမြန်ဆုံးနင်း
သူ့ကို မမြင်နိုင်အောင်
အမြန်ဆုံးနင်း

အဲဒီလို စိတ်ချရပြီဆိုမှ
စက်ဘီးကိုရပ်လို့
ဖြစ်ရပ်ထဲက ကိစ္စကို တွေးလေတယ်
ရုတ်တရက် ပျော်မြူးသွား
အားရပါးရ ရယ်ချလိုက်တော့တယ်။

ပြီးစီးသွားမှ
မျက်နှာပိုးသပ်
တည်ငြိမ်တဲ့ အသွင်နဲ့
လူတွေထဲ ပြန်လာ
သူ့ပုံက အေးအေးဆေးဆေး

အဲဒီ
သူကိုယ်တိုင် တွေ့ခဲ့တဲ့အဖြစ်
ဘယ်သူ့ကိုမှ သူပြောမပြခဲ့။

No comments:

Post a Comment