အပြင်မှာ
ပျော်စရာနည်းနည်း
လွင်ပြင်
ဖုန်မှုန့်နဲ့ မြက်ခြောက်
ပိုးလောက်လန်းထူပျစ်
ခိုအိမ်လို
ပရိဘောဂများအနှံ့
ဖရိုဖရဲအရာများ ပွတွန့်သော
အခန်းရှည်မျောမျောလေးထဲမှာ
သူတို့ တစ်နေ့တာလုံး နေထိုင်ကြတယ်
သူရယ်
သူ့ညီမ သုံးယောက်ရယ်
ချာတိတ်နှစ်ကောင်ရယ်
မွန်းလှောင်နေကြမှာပဲ
ပွဲလမ်းရာသီ ရှိတဲ့ ရက်များဆို
တစ်အိမ်သားလုံး အလည်ထွက်ကြပေါ့
အထီးတည်း တိတ်ဆိတ်နေတဲ့ အခန်းမှာ
ကျန်ရစ်ခဲ့တာ
သူနဲ့
လမ်းမကို ကြောက်မက်ဖွယ် ငေးမျှော်နေတဲ့
သူ့ရဲ့ မျက်ဝန်းလှလှတစ်စုံ ။ ။
Monday, December 21, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment