Contributors

Friday, December 25, 2009

တတိယကဗျာ

တစ်လတစ်ကြိမ်ဆုံနေကျ
ငါတို့ကဗျာ ၀ပ်ရှော့က
ကဗျာတစ်ပုဒ်စီ ရေးယူခဲ့ရမယ် ပြောတယ်
ငါက နှစ်ပုဒ်ရေးမိသွားတယ်
သူတို့ကို နှစ်ပုဒ်လုံး သွားပြရင်
ဖတ်နေကြရမှာ အားနာစရာ
ကဗျာနှစ်ပုဒ်ကို ခွဲဖတ်လို့လည်း မကောင်းဘူး
ခေါင်းချင်းဆက်ထားသလိုမျိုး
အမြွှာကဗျာ
ပြီးတော့ လူကြားထဲ
ပေါ်တင်ကြီးဖတ်လို့ မသင့်ဘူးထင်တယ်။
ဒါနဲ့ပဲ ဒီ တတိယကဗျာကို ရေးလိုက်ရတယ် ။
သူကိုတော့ ဘယ်လိုဖတ်ဖတ်
ကျယ်ကျယ်အော်အော်
တိုးတိုးညဉ်းညဉ်း
စိတ်နဲ့ ရွတ်ရွတ်
တစ်ခုပဲ
ငါယူမသွားတဲ့ ကဗျာနှစ်ပုဒ်တော့
ဟောဒီ တတိယကဗျာထဲ
ဝှက်ထားလိုက်မိတယ်
Three in one ပေါ့ ။
ဒါကို
အခု ဖတ်ရင်း တွေ့ သွားကြရင်လည်း
ခံစားကြပစေတော့ပေါ့
နင့်နဲ ကြေကွဲကြဦးပေါ့
ရင်ဘတ်တွေတုန်သွားအောင် ထိခိုက်ကြစမ်းပေါ့
ငါတော့
မသိချင်ယောင်ဆောင်ပြီး ဟိုသည် ငေးနေလိုက်ရုံ ။ ။

No comments:

Post a Comment