Contributors

Monday, November 19, 2012

ရယ်စရာ

တစ်ခါသား
တစ်ယောက်တည်း အူမြူးမိတဲ့အခိုက်
အဲဒီအရူးစိတ်ဟာလေ
ကြိတ်ကြိတ်ပြီး ပြုံးနေရလို့
ရယ်ချင်ပက်ကျိ ဖြစ်လာတဲ့အထိ
အဲဒီအကြောင်းကို ပြန်ပြန်တွေးမိနေပေါ့။

ရယ်စရာကောင်းပါတယ်
အဲဒီ အကြောင်းဟာ
ပျော်စရာတော့ မကောင်းဘူး
ရယ်စရာတွေတိုင်းဟာ ပျော်စရာမကောင်းဘူး
ခင်ဗျားတို့လည်း သိမှာပါ
ခပ်တည်တည်နဲ့ လူရွှင်တော်တွေဟာ ရယ်စရာတွေ ပြောတဲ့အခါ
ပြောတဲ့သူကိုယ်တိုင် ဟားတိုက်ဖို့ မလိုတဲ့အကြောင်း သက်သေတွေပဲ
ဒါပေမယ့် အဲဒီအကြောင်းကို ပြန်တွေးမိရင်
တစ်ယောက်တည်း ရယ်ချင်ပက်ကျိ ဖြစ်လာတတ်ပေါ့ ။

ရယ်ချင်လို့မှ ရယ်စရာတွေ ရှာမိတာ
ခင်ဗျားတို့ ရယ်စရာက ရယ်စရာမကောင်းတဲ့အပြင်
ရယ်စရာတောင် ကောင်းနေသေးတော့
ကြိတ်ကြိတ်ပြီး ပြုံးနေမိပေါ့
အဲဒီ အရူးစိတ်ဟာလေ ။

ရယ်စရာတော့ အကောင်းသား
အဲဒီအကြောင်းလေ
ဟန်တစ်ခွဲသား အိနြေ္ဒနဲ့
ကိလေသာ မထိန်းနိုင်တဲ့ စိတ်ရိုင်းတွေကို ချွန်းအုပ်ဖို့ ကြိုးစားရင်း
ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွား အလကားကျောင်းနေရသလို အဖြစ်မျိုး
ပျော်စရာတော့ မကောင်းပါဘူး
အလိုရမ္မက်တစ်ခုတည်းကို မျက်နှာချိုသွေးပြီး
ဘေးကြက်တွေ ခြေပြင်းတယ် ထင်ချင်နေတတ်တော့
တစ်ခါသား
အဲဒီ ရယ်ချင်ပက်ကျိစိတ်ဟာလေ
တစ်ယောက်တည်း ကြိတ်ကြိတ်ပြီး ပြုံးနေရလို့
အဲဒီ အကြောင်းကို ပြန်ပြန်တွေးမိနေပေါ့။


ဒီမိုနေ

No comments:

Post a Comment