သူ့မှာ
ဘာမှပါလာခဲ့ပုံမပေါ်ဘူး
အညာနွေဖုန်ထူထူမှာ
ကားတာယာဖိနပ်ကလေး ကော့လို့ပျံလို့
ယောဂီရောင် လုံချည်လေး အနားတွန့်လိပ်လို့
အဖြူဆန်ဆန် ရင်ဖုံးအင်္ကျီပေါ်မှာ
ရောင်စုံဖန်ကြယ်သီးလေးတွေ အိလေးတွဲခိုလို့
မျက်နှာပေါ်က မြစ်တွေမှာ
လူ့ဘ၀ပြည့်လျှံအောင် စီးဆင်းပုံနဲ့
ဆံပင်ဖြူဖြူခေါင်းဖုလေးပေါ်က
ထင်းခြောက်တစ်ချို့သာ
သူ့အရပ်ဒေသကို
ညွှန်းပြဖွဲ့ဆိုနေတော့တယ် ။ ။
ခက်ထန်ပိုင်စိုး
(မဟေသီ ၊ ဖေဖော်ဝါရီ ၊ ၂၀၀၂)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment