Contributors

Monday, November 19, 2012

အသံမဲ့နေ့တစ်နေ့

ထူပိန်းနေတဲ့ နေရောင်တွေ
ကတ္တရာလမ်းပေါ်
လျော့တိ လျော့ရဲ ပျော့ခွေ
အတိတ်ရဲ့သစ်ခြောက်ပင်တွေ ထိုးထိုးထောင်ထောင်
အသံဗလံတွေ မြင်မကောင်းအောင် ငြိမ်သက်လွန်းတယ်
ငါ့မှာက
ကျဲတောက်တောက်အတွေးတွေ အိုက်စပ်
လေလွင့်နေတဲ့ အလွမ်းအူသံတွေနဲ့
အထီးကျန်မှုတွေ တစ်ရွက်ချင်း ကြွေကျနေဆဲပေါ့
မျက်စိထဲ သဲဝင်သလို ခံစားမှုမျိုး
တစ်ချက်တည်းသော ကောင်မလေးရဲ့လေပွေက
ငါ့ကို ခိုးလိုခုလု ဖြစ်စေတယ်
မှားယွင်းမှုကိုမှ ခလုတ်တိုက်မိခဲ့တဲ့ ငါ့အတွက်
မိုးရိပ်လေရိပ်ဆင်မပေးနိုင်ရင်လည်း ရှိစေတော့
တည်ငြိမ်မှုမရေရာ
အသက်ရှူခြင်း ဒေါက်တိုင်များကြား
ဘယ်လို တို့ထိချက်မျိုးနဲ့ အဆုံးသတ်ရမှန်းမသိသော
ကင်းဗက်(စ်)တစ်စ ဆန်ဆန် လူ့ဘ၀ထဲ
အလျားလိုက်ပျင်းရိမှု ရောင်ပြင်များအပေါ်
အတွေးတွေ ဒေါင်လိုက်ကျဆင်းမိတဲ့နေ့ပေါ့ ။         ။

ဒီမိုနေ

No comments:

Post a Comment