Contributors

Monday, November 19, 2012

တောအုပ်

ရွံတယ်
သွားရည်တမြားမြား မျက်လုံးတွေအောက်က
ဟိတ်ကြီး ဟန်ကြီး ယောင်ကိုင်းနေတဲ့ အပြုံးများ
တစက်ချင်း ယိုစိမ့် စီးဆင်းလာတော့
ဧကရာဇ်တစ်ပါးရဲ့
ခန့်ငြားမှုမျိုးနဲ့ငါ
သိမ်ငယ်တယ် .. ။
ဘယ်သူမှ မသိကြဘူး
အနီးကပ် တိတ်ဆိတ်ခြင်းရဲ့ အတိုင်းအတာမှာ
အော်ကြီးဟစ်ကျယ် ဝေးကွာသွားကြ
ဟေ့ ...
ဒါ သားရဲပေါတဲ့ တောအုပ်တဲ့လား
ငါ့မှာက
ယုန်သူငယ်လို ကောက်ကျစ်မှုမျိုးနဲ့
ဝံပုလွေတစ်ကောင် ဖြစ်ဖြစ်သွားတတ်တာ ။         ။

ဒီမိုနေ

No comments:

Post a Comment