Contributors

Monday, November 19, 2012

ဒီနွေ

နွေဦးရဲ့   အစောဆုံးနေ့တစ်နေ့က
မနက်အိပ်ယာထထချင်း ကြွေနေတဲ့
ဒီသစ်ရွက်ခြောက်တွေလို
မလှည်းနိုင် မကျင်းနိုင် အလွမ်းတွေ ပွစာတက်နေရ
အဲဒီ မှိုင်းညို့  မှုထဲမှာ
အချစ်ဆိုတာ ပိုနားလည်လာမှ
အိပ်ယာနိုးနိုးချင်း အလွမ်းတွေဟာ
သစ်ရွက်ခြောက်တွေဖြစ်လို့
ဒီနွေဦးပါပဲ ...
ဟောဒီ ပထမဆုံးရာသီ
အဦးဆုံးကြေကွဲဖြစ်ခဲ့ မနက်ခင်းလေး
မထွေးနိုင် မအန်နိုင် အဆွေးဓာတ်ကို
မှိုင်းမှိုင်းပျပျ သတိရမိတဲ့ နေ့တစ်နေ့
အချစ်ဆိုတာ သစ်ရွက်တစ်ရွက်လို လွင့်ပါးသွားတတ်ပါသလားကွယ်
အဲလို နားလည်ချင်လာမိတဲ့
နွေရဲ့  အစ
ခွင့်လွှတ်ပါ ညီမလေးရယ်
ဘ၀ဟာ နွေဦးရာသီလို မက်မောစရာကောင်းလွန်းမနေတာ
မင်းသိလာတဲ့တစ်နေ့
ငါဟာ လွမ်းစရာအကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်အကြောင်း
ခေတ်ဟောင်းတေးတစ်ပုဒ်လို မင်းကို ဆိုပြမယ်
ကလေးရဲ
ကွယ်
ထပ်ပြောပြန်ရင်လည်း
လွမ်းတယ် ... ပဲ ဖြစ်ဦးမှာမို့
ငါ့တံခါးကို ငါပိတ်လို့
အိပ်ပါရစေတော့ကွယ် ........ ။


ဒီမိုနေ

No comments:

Post a Comment