နွေ မိုး ဆောင်းရယ်
နင်ဘယ်ပြောင်းပြောင်း
ငါတို့ကမ္ဘာက
ရိုးရိုးသားသားဟောင်းတဲ့ အဟောင်းပါ
ပစ်ထားခဲ့ရင်တောင်
ဘာရှက်ဖို့ကောင်းမှာလဲ ။
လေညှင်းရေ
လွမ်းဖို့ အဖော်မညှိလေနဲ့
သင်သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲ ဖြတ်မောင်းပါ ။
အချိန်နာရီ ဆိုတာ
သူရဲဘောကြောင်တတ်တဲ့ စက်ဘီးတစ်စီး
အသစ်နဲ့ အဟောင်း အခုပဲ ဇာတ်ပေါင်းကြပါစို့
အနာဂတ်ကိုယ်တိုင် ငါတို့ စွဲလန်းမှုထဲက
အဟောင်းတစ်ခုဆိုတာ ၀န်ခံရဲ့မဟုတ်လား
၂၀၀၀ ရဲ့အဆုံး
တောင်ကုန်းအဟောင်းများ
ဘာကို လွမ်းအားပိုနေသလဲ
မြေသား လှိုင်းလုံး၊ အဲဒီတောင်ကုန်းများအောက်
ရုန်းကန်ပွင့်ရွ ၊ စကားလုံးတို့ အမြစ်တွယ်ခုံးထ
အရှုံးဆိုတာလည်း သဘာဝကျရင် လှပတယ် ။
လေညှင်းရေ
လွမ်းဖို့ အဖော်မညှိလေနဲ့
သင် သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲ ဖြတ်မောင်းပါ။
ရာစုနှစ် တစ်ခုရဲ့အစွန်
သမိုင်းဦး မြို့အ၀င်က ဆည်းဆာ
သူ့ကဗျာ သွေးအားကောင်းတုန်းပါပဲ ။
မောင်သိန်းဇော်
၁၀.၁၀.၂၀၀၀
ရေနံချောင်း
(မဟေသီ ၊ ဇန်န၀ါရီ ၊ ၂၀၀၁)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment