Contributors

Monday, November 19, 2012

လေကိုရှူရှိုက်ခြင်း ဒုတိယပုံစံ

အဲသလိုနဲ့
သန်းပေါင်းလေးထောင်ထဲမှာ
ခင်ဗျားဟာ နံပါတ်ဘယ်လောက်ဖြစ်ခဲ့ပါသလဲ

လောကမှာ ..
လူတွေများတယ်
ဖိနပ်တွေများတယ်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများတယ် ။

လူဆိုတာ ..
ဘောင်းဘီဝတ်တယ်
အမဲသားစားတယ်
အိမ်ထောင်ပြုတယ်
စီးကရက်သောက်တယ်
(ကိုယ်မလုပ်တဲ့ အလုပ်တချို့ပေါ့)

လူဆိုတာ ..
သတင်းစာဖတ်တယ်
ပိရမစ်ဆောက်တယ်
စပါးစိုက်တယ်
အာကာသထဲမှာ လမ်းလျှောက်တယ်
(ကိုယ်မလုပ်တဲ့ အလုပ်တချို့ပေါ့)

လူဆိုတာ ..
အကုသိုလ်အကြွေးဝယ်နိုင်တယ်
လေခွန်မဆောင်ရဘူး
သေရင် သင်္ချီုင်းရှိတယ် ။

သင်ဟာ ..
အောက်ဆီဂျင်နဲ့ ထိုက်တန်ပါရဲ့လား ။

သစ္စာနီ

No comments:

Post a Comment