သူလိုငါလို ယောင်ဝါးဝါး အတွေးအခေါ်နဲ့
ဘ၀မှာ
နေသာသလို မိုက်လုံးကြီးခဲ့ကြတုန်း
အခြောက်တိုက်ကြီး အောက်ခြေလွတ်လို့တော့
မကောင်းဘူးထင်တယ်
သူတစ်ပါးကိုလည်း မမြင်ဘူး
ကိုယ့်ကိုယ်ကိုလည်း မသိဘူး
ဒါပေမယ့်
ဟောဒီ မျက်လုံးအ၀န်းအ၀ိုင်းထဲ စီးဆင်းလာသမျှ
နှလုံးသားနဲ့ ဦးနှောက်ဆီ ခရီးမရောက်သရွေ့
ကျုပ် ဒီကဗျာကို ဆက်ရေးမယ်
ထင် တစ်လုံး နဲ့ ကိုယ့်ဂုဏ်ကိုယ် သိမ်ငယ်တတ်ကြရင်
ဘ၀ဟာ လူတန်းစေ့ရုံ ရှင်သန်ဖို့မဟုတ်ဘူး လို့
နားလည်ဖို့လိုမယ်
လူလုံးပြရုံသက်သက် အသိပညာများကို
ခေါင်းမငုံ့ပဲ မျက်လွှာချထားလိုက်ပါ
ပျော့ပျောင်းမှုအနုပညာ နဲ့ ပျော့ညံ့မှု ညဉ်းချင်းများ ကို
လေ နဲ့ ၀မ်းနဲ့ ကွဲစေဖို့လည်း လိုတယ်
အမှန်အတိုင်းဖြစ်ဖို့ဆို
အမှားမှာလည်း ရဲရင့်မှု လိုတယ်
ဂုဏ်သိက္ခာနဲ့ လေးစားမှုကို ချိုမြိန်ချင်တယ်ဆိုရင်ဖြင့်
ဗဟိဒ္ဓရဲ့ မဏ္ဍပ်တိုင်ပေါ် ရောက်ဖို့ထက်
အခြေခိုင်တဲ့ နှလုံးသားရဲ့ ကြီးမြတ်စင်ကြယ်မှု ကို ပို မမက်မောသင့်ပေဘူးလား
ရတယ်
နေရာတကာမှာ
(ပါ) ချင် တဲ့ အလိုရမ္မက်လေး
အရောင်လက်ချင်နေတဲ့
ဥဒိစ္စ မှိန်မှိန်လေး
ခင်ဗျား သိပ်မရှင်းသေးဘူး ဆိုရင်
နောက်တစ်ခေါက်
ခင်ဗျား ပြန်ဖတ်တဲ့ အထိအောင်
ဒီကဗျာကို ကျုပ်ဆက်ရေးမယ် ။ ။
ဒီမိုနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment