Contributors

Monday, November 19, 2012

ကျွန်းမျော

တိမ်တွေ ..
အဲဒီညနေခင်းရဲ့ ပြဇာတ်ကို ကပြဖို့စောင့်ရင်း
အရိုးရှင်းဆုံး မိုးချုပ်
အစာရှာငှက်တစ်အုပ် အိပ်တန်းပြန်မလာတော့

မနက်ဖြန်တွေပေါ်တွားတက်ရင်း
ဝန်ပိုတွေ ဖြုတ်ချပစ်တောင်မှ
မာနကိုပဲ ရေနဲ့ ခပ်တင်းတင်း မျှောချလာတဲ့
ငါ့နေတွေ
အာဟာရ ချို့တဲ့ ပိန်ကျလွန်း ။

ငါ့ရဲ့ ဒုက္ခဧက ပေါင်းများစွာပေါ့
ဘယ်တုန်းကမှ မိုးမခေါင်ခဲ့ ။

အိမ်ပြန်မရတဲ့မြစ်တွေ
သော့ခတ်ထားတဲ့ လည်ပင်းအတွက်
မျက်ရည်စက်လက် လှည့်ကြည့်ဖြစ်တယ်
ကွယ် ...
အလွမ်းတွေ ခါးပုံများ ။        ။

မိုးသက်

No comments:

Post a Comment