Contributors

Monday, November 19, 2012

နေ့လည်

နေ့လည်ခင်းတွေကို
ဘယ်လိုဖြတ်ကျော်မယ်ဆိုတာ
ကြိုတင်ပြင်ဆင်မထားမိဘူး .. ။
တစ်စုံတစ်ယောက် ကို သတိရနေတဲ့ အခါတိုင်း
တစ်စုံတစ်ယောက်ကို မေ့လျော့နေလိမ့်မယ်လို့
ခင်ဗျားတို့ တွေးမိပါသလား
ဘ၀ဟာ ခေတ်ပေါ် ကဗျာလား
အရာရာကို
တပြိုင်နက်တည်း စုပ်ယူဝါးမြိုပစ်ဖို့
အချိန်ကာလဟာ လုံလောက်ပါရဲ့လား
အရေးတကြီး
ပြီးတော့
လောဘတကြီး
ခင်ဗျားတို့ရဲ့ ဘ၀အဓိပ္ပါယ်
နောက်ထပ် အရေးတကြီး
နောက်ထပ် လောဘတကြီး ... ။
လုံလောက်တဲ့ (မလုံလောက်တဲ့)
အချိန်ကာလတစ်ခုအတွင်းမှာ
ခေတ်ပေါ်ကဗျာတစ်ပုဒ်ရေးမယ်
တစ်ခါမေ့လျော့နေမိတဲ့ တစ်စုံတစ်ယောက်ကိုလည်း
အရေးတကြီး
ပြီးတော့
လောဘတကြီး
သတိရနေမိဦးမှာ .... ။


ဒီမိုနေ

No comments:

Post a Comment