သံလမ်းပေါ်တင်ထားတဲ့ ရထားဘီးတွေ ဦးတည်ပုံမျိုး
ကျွန်တော့်ရှေ့ သူဖြတ်မောင်းသွားတော့
ကျွန်တော်ရဲ့ ထိုင်လက်စက
ဘူတာရုံထက် မြဲတယ်
သူ့အကြည့်တစ်စက်တစ်လေ လွင့်စင်လာမလား ဆိုရုံလောက်ပဲ
ဘ၀က ရင်ခုန်စရာ ...
တစ်ညနေလုံး
အခါးပေါ့ အမှန်တရားတွေပဲ သောက်နေရ
ခြေသလုံးအိမ်တိုင် ဘ၀အဓိပ္ပါယ်
ငါ့ ဦးခေါင်းခွံထဲ
အခုထိ ရေကြည်ရာ မြက်နုရာ ရှာဆဲ
ကံကြမ္မာရေ ...
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ နှစ်သိမ့်တော့လည်း
အငိုတိတ်ရတာပေါ့
လူပီသမိပုံများ
သိစိတ်ဗွက်အိုင်မှာ
ရှိခြင်းတရားတွေ ပေါလောမျောနေ
တံဆိတ်ကပ် ကျွမ်းကျင်တဲ့ ယင်တွေ တလောင်းလောင်းနဲ့
မြင်မကောင်းဘူး ။ ။
ဒီမိုနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment