Contributors

Monday, November 19, 2012

အရင်လို

အရင်လို အိပ်မက်တစ်ခုရဲ့အထဲ
မျှော်လင့်ခြင်းတို့ အရင်အတိုင်းပဲ
ငါဟာ အရင်အသည်းနှလုံးပဲ

အရင်လို အမှောင်လမ်းမတွေထဲ
ငါ တိတ်ဆိတ် ငိုကြွေးဆဲ
မရေရာ ခရီးတစ်ခု အရင်အတိုင်းပဲ

မဆန်းသေးတဲ့ ဖန်တစ်ရာတေဘ၀မှာ
နေ့ရက်တို့ ပိုထူးခြားမလာခဲ့
အပ်ကြောင်းထပ်ပြဇာတ်ထဲ
ငါဟာအရင်တုန်းကလူပဲ
အိပ်မက်မက်နေဆဲ

အရင်လို ပြန်အစားမရနိုင်တဲ့
ဖြူစင်ခြင်းတို့ ပျောက်ဆုံးခဲ့
ငါဟာ လူထဲကလူပဲ

အရင်လို ငါတမ်းတနေလဲ
ဘာမှမထူးဘူး ငါ့အသည်းကွဲ
နာကျင်ခြင်းတို့ အရင်အတိုင်းပဲ

မဆန်းသေးတဲ့ ဖန်တစ်ရာတေဘ၀မှာ
နေ့ရက်တို့ ပိုထူးခြားမလာခဲ့
အပ်ကြောင်းထပ်ပြဇာတ်ထဲ
ငါဟာအရင်တုန်းကလူပဲ
အိပ်မက်မက်နေဆဲ ( အိပ်မက်မက်နေဆဲ )

( ကဗျာမဟုတ်ပါ ၊ သီချင်းဖြစ်ပါသည် ၊ ကျွန်တော့် Music ထဲရှိ Heart Lighter , Track 09 သီချင်း ဖြစ်ပါသည်။ စာသားကို ကျွန်တော့် လက်ရှိဘ၀အား ထင်ဟပ်နိုင်စေရန် ကြိုးစားပုံဖော်ခဲ့ပါသည်။ )

No comments:

Post a Comment