Contributors

Monday, November 19, 2012

အနတ္တဆင်ဖိုနီ

တစ်ညမှလည်း
ကြယ်တွေ ငါ့ဆီ မလာဘူး
ဦးလည်မသုန် ကြေကွဲခြင်းတွေနဲ့
အာသီသများ အရိုးပေါ် အရေတင်
အခု စကားပြောနေတာ မင်းလား ?
ခရီးပန်းစကားလုံးများ
အမောမပြေစွာ အရောင်ပြောင်း ပုပ်ပွ
စိတ်နဲ့ ခန္ဓာရဲ့ ခရီးကဝေးတယ်
အဲဒီလို ထောင်းလမောင်းထတတ်တဲံ လောကဓံမှာ
ရွဲ့စောင်းနေတဲ့
ကံတရားရဲ့ အကျိုးဖလအဖြစ်
ငါ့ဘ၀ကို ယစ်ပူဇော်ရမယ်
အမှောင်တွေကို ညထဲမှာပစ်ထားလိုက်တော့လေ
ကိုယ့်ကိုယ်ကို မှိန်ဖျော့ပစ်ဖို့မှ အားမရှိရင်လည်း
အဲဒီမှာ နေခဲ့ပါ။
ငါ
သွားတော့မယ် ...... ။          ။

ဒီမိုနေ

No comments:

Post a Comment