Contributors

Monday, November 19, 2012

သင်္ကြန်ဝေ

ဝေ .....
ပူလောင်ခဲ့သမျှ အလွမ်းများ
အချစ်သစ်နဲ့
စစ်မရောက်ခင်မြှားကုန်နေတဲ့ သံယောဇဉ်
ဖေးဖေးမမ အနာတရတွေကို ဆေးကြောဖို့
ပိတောက်တွေ ၀ါနေဆဲလားကွယ်
ဝေနေတဲ့ အချစ်တို့ကို သိမ်းဆည်းဖို့ မတတ်နိုင်လေသမျှတော့
ပိတောက်တွေကို ချစ်တယ် .... ဝေ
အချစ်တွေကို လွမ်းတယ်
မပိုင်ဆိုင်နိုင်လို့
ဘ၀ကို လျော်ကြေးတောင်းမယ်ဆို
ဒီလူ ချစ်ကြွေးတွေ ဝေနေမှာပေါ့ ... ဝေ ...
ဘာတွေကြွေကြွေ
ဘာတွေ ဝေေ၀
နင်ဟာ ငါ့အတွက်
ရေကြည်ထဲက လရိပ်
နန်းထိုက်တော်ဝင် သဇင်
အဲလို မဖြစ်စေရဘူး ....... ဝေ
ငါ့အတွက် ပဲ ဝေလိုက်တော့ ဆို
အတ္တကို အ၀ါလို့ မပြောကြေး
အချစ်ကို မလိမ်ညာကြေး
အဲဒါ
ပိတောက်ရက်နဲ့ ဖူးပွင့်လာမယ့် နှလုံးသားတွေ ဖြစ်စေတော့ ... ဝေ ။         ။


ဒီမိုနေ
(တစ်ယောက်သူအတွက် ရည်ရွယ်ပါသည်)

No comments:

Post a Comment