Contributors

Monday, November 19, 2012

မြွေ

ငါ မြွေတစ်ကောင် မဟုတ်ဘူး
မြွေလိုနေကြည့်ချင်သူ။
အိပ်မက်တစ်ထောင်မှာ
မြွေတွေက ငါ့ယောင်ဆောင်
ပါးပြင်တော့ မထောင်ဖြစ်ကြဘူး။
ငါ့မှာသာ
မြွေတစ်ကောင်လို လေ့ကျင့်ရင်း
အဆိပ်မဲ့စိတ်တွေ ကျော်ပေါ်တွားတက်ခဲ့။
ဒီလိုနဲ့
မိမွေးတိုင်း ဖမွေးတိုင်း  ဣနြေ္ဒထဲ
ပြန်ခွေနေရတယ်။

မြေလတ်မောင်မြင့်သူ ၊ ရနံသစ်

No comments:

Post a Comment