နှုတ်ဆက်ပါတယ် ။
ဟောဟို ၀ါယာကြိုးတစ်ချောင်းပေါ်မှာ
အမိအရ ဓာတ်လိုက်သွားခဲ့တဲ့
လေတံခွန် အစုတ်အပြတ်ကလည်း
ကျွန်တော်နဲ့ တစ်ခရီးတည်းသွားပါပဲ ။
သော့ပြင်ဆရာလို ကျွမ်းကျင်တဲ့ခိုတွေ
ကြာပွတ်သံ တရွှမ်းရွှမ်းပေးနေတဲ့ တိမ်တွေ
အလွမ်းကလူသတ်ကုန်းမှာ လွင့်နေတဲ့ ပုဝါတစ်ထည်
ပြီး
အကွေ့ကောက်ဆုံး လမ်းမပေါ်မှာ ငိုနေရသူ
ဒါတွေကို
ကျွန်တော် ကဗျာရေးတယ် ။
ဒီကဗျာကတော့
ကမ္ဘာမြေကို နာကြည်းကြောင်း သက်သေပြဖို့နဲ့
ဘ၀ကို မီးလောင်တိုက်သွင်းဖို့
သွေးစိုတဲ့ ဗလာစာရွက်တစ်ရွက်ဖြစ်တယ် ။
ဇီဇ၀ါပွင့်တွေ
ခေါင်းတလားထဲမှာ ဆွေးမြည့်သွားတယ်
ကျွန်တော်လည်း မရေမတွက်နိုင်အောင်သေတယ်
နှုတ်ဆက်ပါတယ်
ပြီးတော့လည်း
ပြန်လာခဲ့တယ် ။
စံညိမ်းဦး
(မြားနတ်မောင် ၊ မတ် ၊ ၂၀၀၀)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment