အချစ်ရယ်
ဘ၀မှာ နီးသလား ဝေးသလား မသိပဲ
လွမ်းနေရသူ
ဖြူသလား မဲသလား မသိပဲ
အမှန်ကို ရှာဖွေနေသူ
ပြောပြီးသားစကားတွေထက်
မပြောပဲ ကြားချင်နေသူငါဟာ
လောကလောင်းရိပ်မှာ အိပ်ဆေးမိခဲ့ပေါ့ .....
ဝေဒနာ အထုပ်အပိုးတွေကြားမှာ
ကိုယ့်ကိုယ်ကို သိမ်းဆည်းရာ ပျောက်ခဲ့ပေါ့
ကြာလာရင်ခက်မယ်
ဒီထက်ပို ရစရာမရှိတော့
ပေးသမျှလေးကို လောဘတက်ရင်း
စားလို့မပြတ်တဲ့ ကိန်းဂဏန်းတွေနဲ့သာ လုံးချာလည်ခဲ့
ဆောက်တည်ရာမဲ့တဲ့ ရှင်သန်ခြင်းမှာ
နင့်အပြုံးတွေနဲ့
အိပ်ပျက်ညတွေကို ဆုံးပါးစေတော့လေ
နင့်နာမည်ကို အသံထွက်နေတဲ့
သောကရက်တွေကို
ချစ်ခြင်းရဲ့ ရိုးသားမှုနဲ့
အဆက်ဖြတ်ပါရစေ ကလေးရယ် ။ ။
ဒီမိုနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment