အရက်မသောက်ဖြစ်တာ ကြာပြီ
ကျွန်တော်က
အပေါ်ကိုကြည့်ပြီး လမ်းမလျှောက်တတ်
ဒါမှမဟုတ်
အောက်ကိုငုံ့ပြီး လမ်းမလျှောက်တတ်ဘူး
ခင်ဗျားကဗျာတွေ မဖတ်ဖြစ်တာတောင် အတော်ကြာပြီ
ညကသောက်ထားတဲ့အလွမ်းက
ရေတစ်ခွက်သောက်ရုံနဲ့ ပြန်မမူးတော့ပါလား
ကောင်မလေးရေ ....
မင်းကိုငါ မချစ်တော့တာ ကြာပြီပဲ
ရှေ့နောက် ၀ဲယာမှာ အကြည့်တွေ တွယ်ကပ်ထားပေမယ့်
ဘာသတင်းအချက်အလက်မှ ဦးနှောက်ဆီ ရောက်မလာတာ
ကြာပြီ ။
ရန်းဘရန့်နဲ့ မတွေ့တာလည်း ကြာပြီ ။
စိတ်ကူးစိတ်သန်းတွေ အညောင်းမိနေ
နာတာရှည် ငွေကြေးဆာလောင်မှုများ
အဲဒီ ထုံပေပေ လူ့အန္ဓပေါ့
ကြာပြီလေ ။
ကျွန်တော့်မျက်နှာဟာ
ဆတ်ဆတ်ထိမခံ အသံမထွက်နိုင်တော့တဲ့ ဗုံတစ်လုံးလို
ကြာခဲ့ပါပြီ ။
တစ်ခုပြောချင်တယ်
ဒါတွေအားလုံး
တစ္ဆေတစ်ကောင် ဖြစ်သွားခဲ့တာ
ကြာပြီကောကွယ် ။ ။
ဒီမိုနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment