တိမ်တွေ ...
အဲဒီညနေခင်းရဲ့ ပြဇာတ်ကို ကပြဖို့စောင့်ရင်း
အရိုးရှင်းဆုံး မိုးချုပ်
အစာရှာငှက်တစ်အုပ် အိပ်တန်းပြန်မလာတော့ ။
မနက်ဖြန်တွေပေါ်တွားတက်ရင်း
ဝန်ပိုတွေဖြုတ်ချပစ်တောင်မှ
ဒီတွင်းနက်ထဲ ပြန်လျှောကျ
မာနကိုပဲ ရေနဲ့ခပ်တင်းတင်း မျှောချလာတဲ့
ငါနေ့တွေ
အာဟာရ ချို့တဲ့ ပိန်ကျလွန်း ။
ငါ့ရဲ့ဒုက္ခဧကပေါင်းများစွာပေါ့
ဘယ်တုန်းကမှ မိုးမခေါင်ခဲ့ ။
အိမ်ပြန်မရတဲ့မြစ်တွေ
သော့ခတ်ထားတဲ့ လည်ပင်းအတွက်
မျက်ရည်စက်လက် လှည့်ကြည့်ဖြစ်တယ်
ကွယ် ...
အလွမ်းတွေခါးပုံများ ။
မိုးသက်
(ဒီကဗျာလေးဟာ
ကျွန်တော့်ရဲ့ အစ်ကို ကိုအဏ္ဏ၀ါ ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ ၊ သူနဲ့
ကျွန်တော် နှစ်ယောက်ပေါင်းပြီး ထုတ်ခဲ့တဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကနေ
အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment