ထိန်းဆွဲထားလို့ မရတော့ပါဘူး
မိုးတွေရွာခဲ့တာ ကြာပါပြီ
တလက်လက်တောက်ပနေတဲ့ ပန်းပွင့်လေးရဲ့
ထောင်ချောက်တွေကြောင့်
ရထားတွေ တစ်စင်းပြီး တစ်စင်း ခုတ်မောင်းနေကြတယ်
တဖြည်းဖြည်း တအိအိပျော်နေတဲ့ သံစဉ်အပျော့အပျောင်းလေးတွေရဲ့
ခေါင်းပုတ် ကျောပုတ်မှုလေးတွေကြောင့်
တံခါးတစ်ခုလုံး ၀ုန်းဒိုင်းကျဲပွင့်ပြီး မီးတဟုန်းဟုန်းတောက်လောင်နေကြတယ် ။
အိပ်မက်ထဲ အရပ်အမောင်းကောင်းကောင်း ထည့်ပေးပါကွယ်
ဖြန့်ပြီးတဲ့လက် ပြန်ဆုပ်ရရင် ရေတိမ်တိမ်နစ်မြုပ်သွားနိုင်တယ်
မီးနီပြပြီး မုန်တိုင်းထန်တာ မတွေ့ပါရစေနဲ့နော်
လမ်းမှန်ကမ်းမှန်မှည့်ပြီး ကြွေတဲ့သစ်သီးမို့
အသာအယာကောက်ယူစားသုံးစေချင်ပါတယ် ။
နွေဦးငှက်
(ချယ်ရီ ၊ စက်တင်ဘာ ၊ ၂၀၀၃)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment