Contributors

Monday, November 19, 2012

မြစ်ဝကျွန်းပေါ်

အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို့ဆိုလို့
ငါ့ခေါင်းအုံးအောက်က စာဟောင်းတွေထဲမှာ
ငယ်ဘ၀က ပြိုနေတဲ့ကမ်းပါးရှေ့ကပြေး
ကမ်းပါးနောက်မှာ ကျန်ခဲ့ကြတာက
ငါတို့ရဲ့နောက်တစ်နေ့
ငါတို့ရဲ့ ဘယ်မှာမှန်းမသိသေးသော
နောက်ထပ်ပေါ်လာမယ့်သဲသောင်
အိပ်လို့မပျော်တိုင်း
ထထ ကြည့်ကြတဲ့ ငါတို့ရဲ့မောင်နှမများ၊
ငါတို့အမေစိုက်ခဲ့တဲ့ သရက်ပင်
ငါတို့နဲ့အတူ မျောပါခဲ့တဲ့ သရက်သီးများ
ရေစီးကတအားသန်တယ်
ငါတို့ပြန်မလာနိုင်ကြတော့ဘူး ။          ။

မိုးဝေး
(မြားနတ်မောင် ၊ ဧပြီ ၊ ၂၀၀၂)

No comments:

Post a Comment