Contributors

Monday, November 19, 2012

ဝက်သိုးကြီး

ရွှံ့တွေ အညစ်အကြေးတွေထဲမှာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်လို့ ၀က်သိုးကြီး
သူ့ အရေပြားတွေ ဟောင်းနွမ်းပေါ့
သူ့ အမွေးအမှင်တွေ ကျိုးတဲကျိုးတဲ
သူ့အမြီးက ရွှံ့ထဲမှာ
ဝက်သိုးကြီး
အိုမင်းခဲ့ပြီ တရှုးရှုးမြည်ကာ အိပ်လို့
သြော် ....  စေးပျစ် ရွှံ့တွေ အညစ်အကြေးတွေဟာ အေးလို့ထင်ရဲ့
အဲဒီအထဲမှာ သူအိပ်နေတယ် တစ်ဝက်တစ်ပျက် ၀က်ခြံရဲ့ အမိုးအောက်မှာ
နှစ်နှစ်ခြိုက်ခြိုက်
နိမ့်လိုက်မြင့်လိုက်
လှုပ်နေတဲ့ သူ့ဝမ်းဗိုက်ဟာ သူရှင်သန်ဆဲဖြစ်ကြောင်း
ဖော်ပြနေတာပါပဲ
ဝက်သိုးကြီး
သူ့လက်ကျန်အင်အားဟာ ခုလို
အိပ်စက်ဖို့ ကောင်းစွာအသုံးဝင်ပေတယ်
သူ့နံဘေးတစ်ဖက်မှာ နေရောင်ခြည်
တစ်ဖက်မှာ သစ်သားနဲ့ လုပ်ထားတဲ့ အစာခွက်
သူကုန်အောင် မစားနိုင်ဘူး
ဒီအတိုင်းပစ်ထားပြီး အိပ်နေလိုက်တော့တယ်
စေးပျစ်စွတ်စို ရွှံ့တွေ အညစ်အကြေးတွေထဲမှာ
ဟုတ်တယ်
သိပ်အေးတာကိုး ။          ။

နေမျိုး (ကဗျာဆရာ ၀ံပုလွေ)

No comments:

Post a Comment