ငါ့ဘေးမှာ
တောင်လိုပုံနေတာ
စာအုပ်တွေပေါ့
ငါဖြိုဖျက်ရမှာ ... ။
ဟောဒီမှာ
နေ့စဉ်သံသယနဲ့လုပ်ထားတဲ့ ဂုဏ်သိက္ခာအပေါ်
ချောင်းမြောင်းစောင့်ဆိုင်း
ခြေတစ်ချက်အချော်မှာ
ဟိုး.... အောက်ကို မရှုမလှ ပြုတ်ကျရချည့်
ငါဖြိုဖျက်ရမှာ ... ။
ကြမ္မာဘေးသင့်လို့
နိမ့်ချည်မြင့်ချည် သံဝေဂများ
အလိုမတူပါပဲ အောင်မြင်လွယ်တဲ့ ကိစ္စဟာ
ငါသတိပေါ့လျော့ခိုက်
နေ့ချင်းညချင်းပြီးမြောက်သွား
ငါ့ကိုတဆစ်ဆစ်ကိုက်နေတဲ့ အမုန်းတွေ
ငါဖြိုဖျက်ရမှာ ... ။
အခုမှတော့
မသိချင်ယောင်ဆောင်
ဘာသိဘာသာ နေလို့လည်းမရ
ကမ္ဘာပေါ်မှာ
အသစ်ပေါ်ပေါက်လာဦးမယ့် အမည်နာမများနဲ့
လက်ရှိ ငါ့အရပ်အမောင်းကို
ငါပဲဖြိုဖျက်ရမှာ ... ။
ကျပ်ခိုးစွဲနေတဲ့ သက္ကာယနဲ့
ဟောဒီ တစ်သံသရာလုံးကိုရော
ငါ
ဖြိုဖျက်ရမှာ ... ။
မေမေရေ ...
ကျွန်တော် ဖြိုစရာမလိုတာ
တစ်ခုပဲရှိရဲ့
အဲဒါ ..
မြင့်မိုရ်တောင်ပဲ ။ ။
ဒီမိုနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment